သူ၏ အမည်ကတော့ Simon Wong Choy Chuan ဖြစ်ပြီး အသက်ကတော့ ၂၅ နှစ် ရှိပြီ ဖြစ်ပါတယ်။ သူ ဟာ တော့ သူ့မှာ သဘာဝလွန်စွမ်းအားတွေ ရှိကြောင်း မိန်းကလေးတွေကို ပြောဆိုပြီး လိင်ပိုင်းဆိုင်ရာ တွေ လုပ်ဆောင်ပေးဖို့ မိန်းကလေးများကို လိမ်လည်လှည့်ဖျားခဲ့တာကြောင့် ပြစ်မှု ၁၀ မျိုးနဲ့ စင်္ကာပူ တရား ရုံး မှာ အမှု ရင်ဆိုင်နေရပါတယ်။
မိန်းကလေး အများစုကတော့ အသက် ၁၂ နှစ်မှ ၁၅ နှစ် အတွင်း ဖြစ်ပြီး အဲဒီထဲက ၂ ယောက်ဟာတော့ သူ့ ကို ဖမ်းဆီးမိချိန်မှာ ကြံရာပါတွေ ဖြစ်ကြောင်း သိခဲ့ရပါတယ်။ တရားရုံးမှာ စစ်မေးခဲ့စဉ်မှာတော့ ကျွန်ေ တာ် ကတော့ ဘာပြောရမှန်း မသိပါဘူး။ ကျွန်တော့်အစား ကျွန်တော့်အမေကပဲ ပြောနိုင်ပါလိမ့်မယ်လို့ လှောင်ပြုံြး ဖင့် ဖြေခဲ့ ပါတယ်။ သူဘယ်လိုတွေ လုပ်ခဲ့လဲ ဆိုတာကို ကြည့်ရအောင်။
ပြစ်မှု အများစုကိုတော့ သူ့ရဲ့ အိမ် Block 553, Ang Mo Kio Ave 10 အနီးဝန်းကျင်တွေမှာပဲ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး သားကောင် ဖြစ်တဲ့ မိန်းကလေးကိုတော့ သူဟာ အွန်လိုင်းဂိမ်း တစ်ခုမှာ တွေ့ ဆုံခဲ့ ပြီး သူဟာ အသက် ၁၇ နှစ် ဖြစ်ကြောင်း၊ Nanyang Poly မှာ ကျောင်းတက်နေကြောင်း ပြောပြီး သမီးရည်းစား ဖြစ်ခဲ့ပါတယ်။ ပထမအကြိမ်အဖြစ် သူတို့ ၂ ဦးဟာ Ang Mo Kio MRT မှာ တွေ့ဆုံခဲ့ပြီး အနီး ကားရပ် တဲ့နေရာရဲ့ အပေါ်ဆုံးထပ်ကို တက်သွားကြပါတယ်။ အဲဒီအချိန်မှာ သူကိုယ့်သူ သေသွားတဲ့ အစ် ကို ရဲ့ ဝိဥာဉ် ဝင်ပူးသယောင် ဟန်ဆောင်ပြီး အသံတုနဲ့ ပြောခဲ့ပါတယ်။ သူမရဲ့ အနာဂတ်တွေကို ပြောပြ ပီး သူ့ကို သူမရဲ့ ခနာကိုယ်ကို ပေးကိုင်ဖို့တွေ ပြောခဲ့ပါတယ်။ သူမရဲ့ အစိတ်အပိုင်းများကို ကိုင်ပြီး နောက် မှာေ တာ့ Oral Sex နဲ့ လက်ဖြင့် လုပ်ခိုင်းတာတွေ လုပ်ဖို့ သူမကို စေခိုင်းခဲ့ပါသတဲ့။ ထိုအမျိုးသမီးလေးဟာ ကြောက်လန့်ပြီး သူပြောတဲ့ အတိုင်း လုပ်ပေးခဲ့ပါတယ်။
နောက်ထပ် ဒုတိယမြောက် သားကောင် မိန်းကလေး ကိုတော့ ဖုန်းနံပါတ်က တစ်ဆင့်သိခဲ့တာ ဖြစ်ပြီး တစ်ေ ယာက်နဲ့တစ်ယောက် မက်ဆေ့ခ်ျများ ပေးပို့ပြီး ခင်မင်ခဲ့ပါတယ်။ ၁၅ နှစ် အရွယ် မိန်းကလေးဟာ နောက် ဆုံးတော့ သူနဲ့ ချစ်သူတွေ ဖြစ်ခဲ့တဲ့နောက် ၁ ပတ်အကြာမှာ သူဟာ သူ့ရဲ့ အမွှာညီအစ်ကို အဖြစ် ဟန်ေ ဆ်ာငပြီး သူမနဲ့ တွေ့ဖို့ ချိန်းခဲ့ပါတယ်။ ဈေးဝယ်စင်တာ တစ်ခုအနီး ကားပါကင် တစ်ခု အရောက် မှာတော့ သူဟာ သူမကို oral sex လုပ်ပေးဖို့၊ ဒါဟာ သူ့ရဲ့ အမွှာညီကို သူမဘယ်လောက်ချစ်ကြောင်း ပြခြင်း ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ မိန်းကလေးက မသိလို့ သူကတောင် သင်ပေးခဲ့ပါသတဲ့။
၂၀၁၂ မတ်လ မှာတော့ သားကောင် ၂ ကနေ သားကောင် ၃ ဖြစ်တဲ့ ၁၅ နှစ် အရွယ် မိန်းကလေးနဲ့ သူ့ကို မိတ် ဆက်ပေးခဲ့ပါတယ်။ သူမကိုတော့ သူဟာ သူ့ရဲ့အစ်ကိုက သေခဲ့ပြီ ဖြစ်ကြောင်း၊ သူ့ရဲ့ အစ်ကိုကို ကယ်နိုင် တာ သူမတစ်ယောက်ထဲ ရှိကြောင်း၊ သူ့အစ်ကို ကို ကယ်တင်နိုင်ဖို့အတွက် သူ့ကို လုပ်ပေးဖို့ လိုေ ကြာင်း ပြောခဲ့ပါတယ်။ အဆင်ပြေတဲ့ နေရာကို အရောက် သားကောင် ၃ ဟာ မလုပ်နိုင်လို့ လှည့်ထွက်ချိန် မှာ သားကောင် ၂ က ကူညီပြီး လက်နဲ့ လုပ်ပေးခိုင်းခဲ့ပါတယ်။
သားကောင် ၄ ကတော့ အသက် ၁၂ နှစ်အရွယ် မိန်းကလေး ဖြစ်ပြီး Facebook ကတစ်ဆင့် သိခဲ့ခြင်း ဖြစ်ပါ တယ်။ သူမကပဲ နောက်ထပ် သားကောင် ၅ ဖြစ်လာမယ့် မိန်းကလေးကို မိတ်ဆက် ပေးခဲ့တာပါ။
၁၃ နှစ်အရွယ် သားကောင် ၅ ဟာ သူ့ဖုန်းနံပါတ်ကို တောင်းပြီး မက်ဆေ့ခ်ျတွေ ပို့ခဲ့ပါသတဲ့။ နောက်ဆုံးမှာ ချစ် သူတွေ ဖြစ်တဲ့ အဆင့်ကို ရောက်ခဲ့ပါတယ်။ သူတို့တွေ အကုန် တွေ့ခဲ့တာကတော့ ဧပြီလ ၃၀ ရက်နေ့ မှာပါ။ သားကောင် ၂၊ သားကောင် ၃ တို့နဲ့ အတူ သားကောင် ၅ ကိုပါ ခေါ်ပြီး အဆိုပါ ကိစ္စကို ကျူးလွန် ခဲ့ကြပါ တယ်။ သားကောင်တွေစုံချိန်မှာ သူဟာ ဝိဥာဉ် တစ်ကောင် ဝင်ပူးသကဲ့သို့ ဟန်ဆောင်ပြီး သားေ ကာင် ၅ ကို oral sex လုပ်ဖို့ စေခိုင်းပါတယ်။
၂ ရက် အကြာမှာတော့ သားကောင် ၅ ဟာ သားကောင် ၄ ကို သူ့ရဲ့ စွမ်းရည်တွေ အကြောင်း ပြောပြ ခဲ့ပါ တယ်။ အဲဒီအကြောင်းကို သူသိသွားတဲ့အခါ အရမ်း စိတ်ဆိုးပြီး သားကောင် ၄ နဲ့ ၅ ကို အတူတွေ့ဖို့ ချိန်းဆို ခဲ့ပါ တယ်။ ပြီးတော့ သားကောင် ၂ နဲ့ ၃ ကိုလည်း ထိုတွေ့ဆုံတဲ့ နေရာကို ခေါ်ခဲ့ပါတယ်။
တွေ့တဲ့အခါမှာ သားကောင် ၂ က သားကောင် ၄ နဲ့ ၅ ကို သူတို့ အပြစ်အတွက် အပြစ်ဒဏ်ခံဖို့ အခွင့် အရေး ၃ ခု ရွေးစေခဲ့ပါတယ်။ အချင်းချင်း အကြိမ် ၂၀ ရိုက်ရန်၊ သူ့ကို လိင်ပိုင်းဆိုင်ရာ လုပ်ပေးရန် နဲ့ မှန် ကွဲေ တွ အပေါ်မှာ ဒူးထောက်ရန် တို့ထဲက တစ်ခုကို ရွေးဖို့ပဲ ဖြစ်ပါတယ်။
သားကောင် ၄ နဲ့ ၅ ဟာ အချင်းချင်း ရိုက်ဖို့ကို ရွေးချယ်ခဲ့ကြသော်လည်း သူက သားကောင် ၅ ကိုခေါ်ပြီး သူမ ကို မနာကျင်စေကြောင်း ထိုအတွက် ရိုက်ကြမည့်အစား သူ့ကို Oral Sex ပေးဖို့ သားကောင် ၅ ကို ပြော ခဲ့ ပါသတဲ့။ မိန်းကလေးများက သဘောတူခဲ့ကြပါတယ်။
အဆိုပါ ကိစ္စများကို မေလ ၇ ရက်နေ့မှာတော့ သားကောင် ၄ က သူမ အမေကို ပြောပြခဲ့ပြီး ၂ ရက် အကြာမှာ တော့ သားကောင် ၅ က ရဲကို တိုင်ခဲ့ပါတယ်။
ယခုတော့ သူဟာ ရဲစခန်းမှာ အမှုရင်ဆိုင်နေရပါပြီ။ သူ့ကို ယခုမတ်လအတွင်းမှာပဲ ပြစ်ဒဏ် စီရင်မှာ ဖြစ်ပြီး သူကတော့ အသနားခံစာ တင်ထားပါတယ်။
ရဲများကတော့ သူဟာ စိတ်ပိုင်းဆိုင်ရာ အပြုအမူတွေနဲ့ မိန်းကလေးများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြော ခဲ့ပြီး မိန်းကလေးတွေကတော့ သူမတို့ဘဝမှာ အရိပ်မည်းကြီး တစ်ခုကဲ့သို့ ဖြစ်နေကြောင်း ပြောပြ ခဲ့ပါ တယ် ။ မြန်မာနိုင်ငံမှာတော့ အသက်ကြီး အမျိုးသမီးတွေ ဘိုးတော်တုတွေနဲ့ ကြုံဆုံရသလို ဖြစ်ပြီး ယခု လို အသက် ၁၅ နှစ်အောက် ကလေးများမှာ ဖြစ်တာကတော့ စင်္ကာပူနိုင်ငံရဲ့ ထူးဆန်းမှု တစ်ခုလို့ ပဲ ဆိုနိုင် ပါတယ်။
ယခုလို အမှုမျိုးဟာ စင်္ကာပူ မှာ ဖြစ်ခဲ့ဖူးတဲ့ အကြိမ်များ ရှိပြီး ၂၀၁၂ ခုနှစ်မှာလည်း ၂၀၀၈ ခုနှစ်က ၁၄ နှစ်အ ရွယ် လူငယ်တစ်ဦး တရုတ်သရဲ ဟန်ဆောင်၍ ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ် မိန်းကလေးနှစ်ဦးကို မုဒိန်း ကျင့် ခဲ့မှုအတွက် စစ်ဆေး အပြစ်ပေးခဲ့ဖူးပါတယ်။ သတင်းအပြည့်အစုံကိုတော့ AsiaOne မှာ ဖတ်နိုင် ပါတယ်။
ပန်းဦးစား
Credit to -We Love True-mmdailystar
0 comments:
Post a Comment