Love & Sex
ပြုမူဆက်ဆံပုံအစကတော့ အတွေ့အထိကစတာပဲ။အဲဒီမှာသာယာမှုတွေဖြစ်ပြီး အချစ်နယ်ကျွှံသွားကြပြီးမျိုးပွားခြင်းကိုဦးတည် သွားကြပါတယ်။အမျိုးသားတွေကအမျိုးသမီးတွေ ရဲ့အလှကိုယ်ခန္ဓာအရိုးအဆစ်၊အသံ၊စိတ်နေစိတ်ထားတွေကိုနှစ်သက်ကြပါ တယ်။အမျိုးသမီးတွေကျတော့ ယောက်ျားရဲ့ ရူပကာ၊ပညာတတ်ခြင်း၊စီးပွားရေးကောင်ခြင်းနှင့်လူမှုအပေါင်းအသင်းကောင်းရှိ ခြင်းစသည်တို့ထက် ယောက်ျားပီသမှုနဲ့ ပြုမှုနေထိုင်မှုအပေါ်ကို ပိုပြီးစိတ်ဝင်စားကြပါတယ်၊
ဦးနှောက်က နှလုံးသားခံစားချက်ကို ထာဝရထိန်းထား၊လွှမ်းမိုးထားနိုင်ပါတယ်။အဲဒါကိုထိန်းချုပ်ထားတဲ့နေရာကတော့နား
အပေါ်နောက်ဘက်မှာရှိတဲ့ဦနှောက်နေရာကထိန်းချုပ်ထားပါတယ်။ခန္ဓာကိုယ်ရဲ့နေရာအတော်များများမှာထိတွေ့ခံစားနိုင်တဲ့နေရာတွေရှိပါတယ်။ နှုတ်ခမ်း၊လျှာ၊ဂုတ်ပိုး၊ပုခုံး၊ရင်သား၊တင်၊ပေါင်နဲ့ ယောနိလိုနေရာမျိုးတွေက ခံစားချက်ကိုလှုံ့ဆော်ပေးပါတယ်။ အဲဒီလိုအာရုံတွေကိုနှိုးဆွလိုက်တဲ့အတွက် အမျိုးသမီးတွေမှာ အရအချွှဲဆင်းခြင်းနှင့် မိန်းမကိုယ်တွင်းပျော့ပျောင်းခြင်းဖြစ်သွား
သလို အမျိုးသားတွေကျတော့တည့်မတ်ခြင်းဆိုတာဖြစ်လာကြပြီး စိတ်ကပိုပြင်းထန်ပြီး ပြီးမြောက်သွားကြပါတယ်။
အမျိုးသားတွေရဲ့ပြီးမြောက်ခြင်းကတော့လူတိုင်းသိပေမယ့် အမျိုးသမီးတွေကျတော့ ၂ နှစ်ပိုင်းရှိပါတယ်။ပထမတစ်ပိုင်း ကတော့ ဆံချက်မှာတင်းတောင့်ခြင်း (Clitorial Orgasm) ဖြစ်ပြီးနောက်မှ နှုတ်ခမ်းသားရှိကြွက်သာတုန်ခါခြင်းဆိုတာ ဖြစ်ရတာပါ။ဒုတိယအပိုင်ကတော့ ပိုပြီးပြင်းထန်လှပါတယ်။များသောအားဖြင့်ပထမအပိုင်းနဲ့ဇတ်လမ်းပြီးပြတ်သွားတတ်ကြ တယ်။အဲဒီလို နှိုးဆွတဲ့အခါ အမျိုးသားတွေကအတက်မြန်တယ်။အမျိုးသမီးတွေကတော့အီလေးဆွဲတတ်ပါတယ်။အမျိုးသားရဲ့ ချစ်ခင်ယုယမှုနဲ့ဆိုင်ပါတယ်။
တကယ်တမ်းကျတော့အမျိုးသာတွေကပဲဆရာကြီးတွေဖြစ်ကြတယ်။သူတို့ကပဲသင်ပေးကြရပါတယ်။အဲဒီလိုပညာတွေ၊အတွေ့အကြုံတွေသိပ်များလာပြီးတဲ့နောက်မှာတော့တစ်ယောက်နဲ့တစ်ယောက် အပေးအယူတည့်ကြပြီး ပြီးမြောက်ခြင်းကိုအတူ တကွခံစားကြရပါတော့သတည်း။ဒါ့အပြင်ပညာစုံလာတော့ နည်းဗျူဟာတွေ၊ပုံစံတွေအမျိုးမျိုးတတ်လာကြပြီး ပိုမိုသုခ
ပြည့်ဝကြပါတယ်။
ဆရာဒေါက်တာချစ်ဆွေ ၏ Love & Sex ဆောင်းပါး၊Health Care Journal Vol-4,n0#23 (27-9-2003) မှကောက်နုတ်တင်ပြထားပါသည်။ အိမ်ထောင်ရေးသုခများပြည့်ဝကြပြီး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာ၊ပျော်ရွှင်သော မိသားစုဘ၀များပိုင်ဆိုင်နိုင်ကြပါစေ။
Myanma Sex Education မြန်မာ့လိင်ပညာပေး
Related Posts:
နည်းစနစ်
ဆောင်းပါး
0 comments:
Post a Comment