ကမ္ဘာမြေပေါ်တွင် ဖိုမလိင်ဆက်ဆံခြင်းကို
ကျန်းမာရေးဆိုင်ရာသုတေသီများက စနစ်တကျ
လေ့လာသုတေသနပြုလျက်ရှိကြသည်။ တွေ့ရှိချက် အသစ်များလည်း
နေ့စဉ်ထွက်ပေါ် ထုတ်ပြန်လျက် ရှိ ပေသည်။ ယခင်တစ် ချိန်က
စက်ဆုပ်ရွံရှာဖွယ်အဖြစ် ပင်အသိအမှတ်ပြု ခံထားရသော လိင်ဆက်ဆံခြင်း
အပေါ် ယခုအချိန်တွင် ယင်းက ကိုယ်ခန္ဓာတစ်ခု၏ ကျန်းမာရေးအတွက် အဓိက
အချက်များကို အ ထောက်အကူပြု ပေးနေကြောင်း ဖော်ထုတ်ပညာပေး
နေပေပြီ။
►လိင်ဆက်ဆံခြင်းနှင့် အာရုံကြောများဆက်စပ်မှု
ယခုနောက်ဆုံးလေ့လာသုတေသနစာတမ်း တစ်စောင်က
ဖိုမလိင်ဆက်ဆံခြင်းသည် စိတ်ပိုင်း ဆိုင်ရာအားဖြည့်ပေးခြင်းအပြင်
ဦးနှောက်၏ အစိတ်အပိုင်းတစ်ခုအတွင်း အာရုံကြောဆဲလ်များ
အသစ်ပွားစေနိုင်ကြောင်း တွေ့ရှိကြသည်။ အထူး
သဖြင့်အတွင်းဦးနှောက်ပိုင်းဟု ခေါ်ဆိုနိုင်သော (hippocampus)
အတွင်းရှိဆဲလ်များသည် မှတ် ဥာဏ်အားကို ပိုကောင်းစေနိုင်ပြီး
ထိုဆဲလ်များ အသစ်ပွားစေနိုင်ခြင်း (neurogenesis) ဟု
တွေ့ရှိခဲ့ကြပေသည်။ မေရီလင်းတက္ကသိုလ်မှ
သိပ္ပံပညာရှင်များသည် အရွယ်ရောက်ကြွက်သားများ၏ လိင်ဆက်ဆံခြင်းကို
လေ့လာခဲ့ကြရာ ဦးနှောက် အတွင်းပိုင်း၏ လုပ်ငန်း တာဝန်များနှင့်
ဆက်စပ်နေမှု ကို တွေ့ရှိခဲ့ကြရပေ သည်။
►နာတာရှည် စိတ်ကျရောဂါကုစားနိုင်
တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့ရှိ Konkuk တက္ကသိုလ်၏
လေ့လာတွေ့ရှိရသော သုတေသန စာတမ်းအရ ဆေးပညာရှင်များက
နာတာရှည်စိတ် ကျရောဂါဖြစ်နေသောလူနာများအား လိင် ဆက်ဆံမှု
ပြုစေခြင်းဖြင့် ရရှိလာသော အကျိုးသည် စိတ်ကျ ဝေဒနာကို
လျော့ပါးပျောက်ကွယ်သွားစေနိုင်သည် ဟု ဖော်ပြထားကြသည်။
၎င်းတို့ စမ်းသပ်တွေ့ရှိမှုများထဲမှ ဆက်နွယ် ၍ ကြွက်သားများ
လိင်ဆက်ဆံမှုပြုပြီး အာရုံကြော ဆိုင်ရာ ဆဲလ်အသစ်များ
တိုးပွားလာခဲ့ကာ ၎င်းတို့ သည် နာတာရှည်စိတ်ဓာတ်ကျဆင်းစေသော ဆဲလ်
များကို ထိန်းချုပ်ထားလိုက်စေပြီး ရွှင်လန်းတက်ကြွ သော
အပြုအမူလှုပ်ရှားမှုများ ပို၍တိုးပွားလာခဲ့ ကြောင်းကို
တွေ့ရှိခြင်းဖြစ်သည်။
►အရွယ်ရောက်သူများ လိင်ဆက်ဆံခြင်းဖြင့် ပို၍မှတ် ဥာဏ်ကောင်းနိုင်
ထိုသိပ္ပံပညာရှင်များ၏ စမ်းသပ်သုတေသန တွေ့ရှိချက်သည်
လိင်ဆက်ဆံခြင်းပို၍လုပ်လေ ဦးနှောက်မှတ်ဥာဏ်ပိုကောင်းလေဟု
ထုတ်ဖော် ကြေညာခြင်းမဟုတ်ပေ။ အရွယ်ရောက်သူအမျိုး သား
အမျိုးသမီးများ၏ ရှက်စရာမဟုတ်သော လိင် ဆက်ဆံခြင်းကို
စနစ်တကျပြုပေးခြင်းဟုသာ ဖော် ညွှန်းခဲ့ကြခြင်းဖြစ်သည်။
ဘဝတစ်သက်တာအ တွင်း ကျန်းမာရွှင်လန်းမှုမရှိ စိတ်ကျရောဂါဝေဒနာ
သည်များအတွက် သတိပြုစရာကဏ္ဍတစ်ရပ်ဖြစ် သည်။
ပင်ဆဗဲလ်နီးယား တက္ကသိုလ် (Pennsy – lvania University) ၏
သုတေသီအဖွဲ့ ၂ဝ၁၂ အတွင်းတွေ့ရှိခဲ့ရသည့် မှတ်တမ်း
အစီရင်ခံစာတွင် ကနဦးကပင် အရွယ်ရောက်ကျားမများ၏ မြင့်မား
စွာအလုပ်ဖိစီးခဲ့ရသောကြောင့် ဦးနှောက်အတွင်း
မှတ်ဥာဏ်ဆိုင်ရာဆဲလ်များမှာ လိင်ဆက်ဆံခြင်းကို
လျော့နည်းအောင်လုပ်ပေးလိုက်သလို ဖြစ်နိုင်ခြေရှိ သည်ဟုလည်း
မှတ်တမ်းတွင်လေ့ လာတွေ့ရှိနိုင်ပေ သည်။
မည်သို့ဆိုစေ ပုံမှန်လိင်ဆက်ဆံခြင်းပြုနေသူ များအားလုံးတွင်
မှတ်ဥာဏ်ဆဲလ်သစ်များအစဉ်တိုး ပွားနေပြီး
သင်ယူရသောအပိုင်းတွင် ပို၍အောင်မြင် တိုးတက်မှုရှိလာသည်ဟု
အမေရိကန်နိုင်ငံ နယူးဂျာ ဆီပြည်နယ်ရှိ Rutgers University ၏ အာရုံ
ကြောသိပ္ပံဌာနမှ စိတ်ပညာရှင် (Psychologist) ဖြစ်သူ Tracey J.Shors
က မှတ်ချက် ပြုထားသည်။ သူမ၏ ပြောကြားချက်မှာ ”လိင် ဆက် ဆံခြင်း၊
ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ခြင်းများက ဆဲလ်အသစ်တွေကို
လူသားတွေလုပ်နိုင်ပါတယ်။ဒီပြင်သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ
ပြောင်းလဲမှုလေ့ကျင့် ခန်း လုပ်လိုရင် ဦးနှောက်အတွင်း ဆဲလ်ေ တွရဲ့
အသက်ရှင်နေမှုကို ပို၍ထိန်းထားနိုင်အောင်ပြုလုပ် ရမယ်။
ဒါကြောင့် ဆဲလ်တွေရဲ့ ပျက်စီးနိုင်မှုကို
လျော့ကျအောင်ပြုလုပ်နိုင်လေ စိတ်ပိုင်းရောရုပ်ပိုင်း ဆိုင်ရာရော
ပို၍ အသက်ရှည်မှုကို ထိန်း ထားနိုင်လေ ပါပဲ” ဟု
ကောက်ချက်ချထားသည်။
►လိင်ဆက်ဆံအားနည်းသူများနှင့် ဗီတာမင်
အထူးသဖြင့် စိတ်ကျရောဂါကြောင့် လိင်
ဆက်ဆံခြင်းအားနည်းသွားတတ်ကြသည်။ အမျိုး သားအချို့မှာ
လိင်ဆက်ဆံမှုအားနည်းခြင်း၊ တစ် ဆင့်တက် ပန်းသေခြင်းရောဂါမှာ
နာတာရှည်စိတ်ကျ ဝေဒနာကို ခံစားကြရသည်။ ယနေ့ခေတ်တွင်
တွေ့ရှိနေရသော ယောက်ျားအားဆေးတစ်နည်း ပန်း
သေရောဂါပျောက်ဆေးများသည် ပို၍ အချိန်ကြာ
သောက်သုံး၍မရနိုင်ကြောင်းကို ကျန်းမာရေး ပညာ ရှင်များ
သတိပေးထားကြသည်။
ထို့ကြောင့် ၎င်းဆေးများကို မသောက်သုံးမီ ကပင်
လိင်ကျန်းမာရေးကို အဓိက အထောက်အ ကူပြုပေးနေသည့်
ဗီတာမင်များအကြောင်းကို သိ ထားရန်လိုအပ်သည်။ ကမ္ဘာတစ်ဝှမ်းတွင်
အမေရိ ကန်နိုင်ငံမှာ ဗီတာမင်(ဘီ)ချွတ်ယွင်းနေသူအများ
ဆုံးဟုပင်သုတေသနပြုထားကြသည်။ အကြောင်း မှာ
အမျိုးသားများအရက်သောက်မှု နှုန်းပိုများနေ သောကြောင့် ဟု
ကောက်ချက်ပြုသည်။ အောက်ပါ ဗီတာမင်များအကြောင်း
အထူးသတိပြုရပေမည်။
အမျိုးသားများအတွက် လူသိများ ရင်းနှီးမှုရှိ သော ဗီတာမင်ဘီထဲတွင် B
Complex ၊ B12 နှင့်B9 တို့ဖြစ်ကြသည်။ အထူးအရေးကြီးလှသည့်
နောက်တစ်မျိုးမှာ ဗီတာမင် B3 ဖြစ်သည်။ ၎င်း မှာ
လိင်အင်္ဂါဟော်မုန်းများကို ထုတ်လုပ်ပေးနိုင်ခြင်း နှင့်
သွေးလှည့်ပတ်မှုကောင်းစေခြင်းက အထူးအ ကျိုး
သက်ရောက်စေနိုင်ပေသည်။
အမျိုးသားများ လိင်စိတ်အားနည်းခြင်း၏ အဓိကတရားခံဖြစ်သည်ကို
အထူးသတိပြုရန်လို အပ်သည်။ ဆေးဝါးသုံးဆောင်နေသည်ထက် နေ့
စဉ်အစားအစာများထဲတွင် ၎င်းဓာတ်ပါဝင်သော အ စားအစာများကိုလည်း
သိထားရန်လိုအပ်ပါသည်။
B3 အကြွယ်ဝဆုံးအဖြစ် မုန်လာဥနီဟု အသိ အမှတ်ပြုထားကြသည်။ ထို့ပြင်
အနီရောင်အသား များကလည်း ပို၍ ပါဝင်နှုန်းများသည်။ အထူးသ ဖြင့်
နေ့စဉ်အရက်သေစာသောက်သုံးနေသူများ နေ့စဉ်
ပိုမို၍အလေ့အကျင့်လုပ်ပြီး စားသုံးရန်လို အပ်ကြောင်း
အကြံပြုထားသည်။
အရေးကြီး
ဗီတာမင်အဖြစ် B12ကိုလည်း သတိပြုအပ်သည်။ ၎င်းမှာ အာရုံကြောစနစ်ဆဲလ်
များနှင့် သွေးဆဲလ်များကို စောင့်ရှောက်ပေးထား သော
ဗီတာမင်တစ်မျိုးဖြစ်သည်။ အထူးသဖြင့် ၎င်း ဓာတ်ချွတ်ယွင်းလျှင်
လိင်စိတ်အားနည်းခြင်း ပန်း သေညှိုးဖြစ်လာတတ်၏။အစားအစာများထဲတွင်
အသည်း၊ ငါးသေတ္တာ၊ သိုးသား၊ ဆိတ်သား၊ အမဲသားတို့တွင် ကြွယ်ဝစွာ
ပါဝင်နေကြောင်းသတိပြု ပါ။ အသက် ၆ဝ ကျော်
အမျိုးသားများအထူးသတိပြုရန်လိုအပ်ပါသည်။
လိင်
စိတ်အားနည်းနေသူ အမျိုးသားများသည် ယနေ့အချိန်တွင် Viagra ကို
မှီဝဲနေသူများရှိတတ် ကြသည်။ ၎င်းဆေးမှာ အမျိုးသား၏ လိင်အင်္ဂါအ
တွင်းရှိ သွေးကြောများအား ပို၍ဖောင်းကားစေရန် စွမ်းဆောင်ပေးသော
ဆေးတစ်မျိုးသာဖြစ်သည်။
၎င်းသည် သဘာဝမဟုတ်၊ လုံခြုံစိတ်ချရ သော ဆေးဝါးမဟုတ်ဟု
ဆေးပညာရှင်များ အမြဲ ပင်သတိပေးနေကြသည်။ ဗီတာမင် E တွင် ပါဝင် သော
Carnitine သည် အမျိုးသားများအတွက် စွမ်းအားကို
ထုတ်လုပ်ပေးနေခြင်းဖြစ်သည်။ ထို့ အပြင်အမျိုးသားများ၏
သုတ်ရည်ထုတ်လုပ်မှုများ ပို၍ အားကောင်းစေနိုင်သည့်
ဓာတ်တစ်မျိုးဖြစ် သည်။
ပို၍သိရှိထားရန်မှာ ဗီတာမင် E သည်
ကိုယ်ခံအားစနစ်ကိုပို၍ကောင်းမွန်အောင် စွမ်းအား ထုတ်ပေးနေပြီး
လိင်အင်္ဂါအပြင် ကိုယ်ခန္ဓာရှိ အခြားဆဲလ်များအတွင်းရှိ
အန္တရာယ်ရှိလှသော သွေးကြော ပိတ်ဆို့မှုကိုပါ တားဆီးကာကွယ်ပေးနေ
သည်။အစားအစာများထဲတွင် အများဆုံးတွေ့ရှိရ သည်မှာ နေကြာစေ့၊
မက်မန်းသီး၊ မြေပဲတို့ဖြစ်ကြ သည်။
ဖို
လစ်အက်ဆစ် B9 လျော့နည်းသွားလျှင် အမျိုးသားများ၏
သုတ်ရည်တွင်းပါဝင်သော (Sperm) သုတ်ကောင်များ အရေအတွက်လျော့
သွားကြောင်း သတိပြုအပ်သည်။ ၎င်းဓာတ်ပစ္စည်း ကြွယ်ဝစွာ
ပါဝင်နေမှုမှာ ဂျုံ၊ စပါး စသည့်ကောက်နှံ များအဓိကပါဝင်နေသည်။
ထို့အပြင် အထူးကြွယ်ဝ စွာ တွေ့ရှိရသည်မှာ ကညွှတ်နှင့်
ထောပတ်သီးဟု ဖြော်ပထားသည်။
အသက်ကြီး
(၅ဝ အထက်)သူများသည် အရွယ်ရောက်သူများထက်ပို၍ ရောဂါရလွယ်၏။
ဗီတာမင် C သည် ဆီးလမ်းကြောင်းတွင် ဖြစ်တတ် သော ရောဂါပိုးများကို
သုတ်သင်ရှင်းလင်းပေးသူ ဖြစ် သည်။ တစ်နည်းသွေးသန့်ဆေးတစ်မျိုးဖြစ်
သည့် အချဉ်ဓာတ်ပင်ဖြစ်သည်။ အားလုံးနှင့် ရင်း
နှီးကျွမ်းဝင်မှုရှိသည့် ဗီတာမင်ဖြစ်သည်။ ¤င်းပါဝင် အစားအစာ
ပို၍စားသောက်ပါကလည်း ဝမ်းလျှော နိုင်ကြောင်းကိုလည်း
သတိပြုပါလေ။
ဆေးလိပ်သောက်သူများ ဗိုက်တာမင်စီပါ အစားအစာများကိုပို၍
စားသင့်သည်။ ကိုယ်တွင်း သွေးစီးဆင်းမှုကိုလည်း
ပိုအားကောင်းစေပြီး သွေး ကြောတွင်
ကိုလက်စထရောများပိတ်ဆို့ခြင်းကို ကာကွယ်ပေးသည်။
အချို့က အချဉ်ဓာတ်ပါသောသစ်သီးများ တွင်သာ ဗီတာမင်စီပါဝင်သည်ဟု
ယူဆနေတတ် ကြသော်လည်း အာလူး၊ ငရုပ်ကောင်း၊ ပန်းငရုတ်တို့ တွင်လည်း
ဗီတာမင်စီကို တွေ့ရှိရသည်။
လိင်
ဆက်ဆံခြင်းသည် စိတ်ပိုင်းဆိုင်ရာကိုပို၍
အားကောင်းစေနိုင်သည်ဟု သုတေသီများအကြံပြု ထားသော်လည်း
ဆေးဝါးထက် အစားအစာများက လိင်ကျန်းမာရေးကို အကာအကွယ်ပေးနေေ
ကြာင်း မိမိတို့နေ့စဉ်သတိပြုရန်လိုအပ်သည်။
Credit to-Mr.Magazine-လင်းမာန်အောင်
0 comments:
Post a Comment