အတတ်ဆန်းသော ကနေဒါ မှ Jason နှင့် Michelle တို့တွဲ TLC's ဇတ်လမ်းတွဲများမှ "Sex Sent Me To The E.R" တွင် မင်းသမီးလေး နှင့် မီးမှုတ်နဂါး လုပ်တန်းကစားပြီး လိင်ဆက်ဆံရန်ကြိုးစားကြရင်း လက်ထိပ်သော့ မိန်းမကိုယ်တွင်းတွင် ညပ်နေခဲ့ပြီး ထုတ်မရသဖြင့် ရှက်ကိုရှက်ကန်း ဖြင့် ဆေးရုံပြေးလိုက်ကြရသည်။ သူမတို့ကစားရာတွင် လပ်ထိပ်ပါဝင်ပြီး လက်ထိပ်သော့မှာသူ၏ ယောနိတွင်ထည့်သွင်းကစားရမည်ဖြစ်သော်လည်း သော့မှာသူမ၏ သားအိမ်ဝတွင်ညှပ်နေခဲ့ပြီး အရေးပေါ်ခန်းသို့ ရောက်သွားရှာသည်။ ပထမတွင် ၄င်းတို့အတွဲမှဖြစ်စဉ်ကို အရှက်မရမလိုသဖြင့် ဖုံးကွယ်ထား သေးသော်လည်း ဆရာဝန်များမှ Michelle ၏ မသက်မသာဖြစ်နေမှုကိုဘယ်လိုမှ ရှာမတွေ့နိုင်ဖြစ်မှ သူမကိုယ်တိုင်ထုတ်ပြောခဲ့ခြင်းဖြစ်သည်။ သူမမှ " ကဲဒီကိစ္စက ဒီလိုဖြစ်တာ၊ဒါကြောင့်ကျွှန်မတို့ဒီကိုရောက်လာတာဟု" "မထူးတော့ပါဘူး" ဟုတ်စိတ်ဒုံးဒုံးချဟန်ဖြင့် ဆရာဝန်များကို ဖြစ်စဉ်အားပြောကြား ခဲ့ကြောင်းသိရသည်။ အရေးပေါ်ခန်းမှဆရာဝန်မမှ " ယောနိမှာ အဲလိုပစ္စည်းတွေထည့်တာ သူမအတွက်အဆန်းဖြစ်နေပါတယ်၊အထူးသဖြင့်သော့ပေါ့လေ " ဟုပြောကြားခဲ့သည်။ သော့ကိုသူမ၏ သားအိမ်ခေါင်းဝတွင် IUD ပြန်ဖြုတ်ရန်တပ်ဆင်ထားသော နိုင်လွန်ကြိုးနှင့်ငြိနေကြောင်းစမ်းသပ် စစ်ဆေးတွေ့ ရှိရပြီး အကယ်၍သားအိမ်ဝစုတ်ပြဲမှုရှိခဲ့ပါက ပြန်လည်ခွဲစိတ်ပြုပြင်ရမည်ဖြစ်သည်။
ပန်းဦးစား
Myanma Sex Education
huffingtonpost -မှပန်းဦးစားထုတ်နုတ်တင်ပြပါသည်။