သုတ်လွှတ်စောခြင်းဆိုသည်မှာ
အမျိုးသားမှ အချိန်မတိုင်မီ စောစီးစွာ သုတ်ထွက်ခြင်းဖြစ်ပြီး
လိင်ကိစ္စပြဿနာတွေထဲမှာ အတွေ့ရများလှပါတယ်။ England မှာ လုပ်တဲ့ survey
တစ်ခုမှာ တွေ့ရှိချက်ကတော့ ၁၀ ရာခိုင်နှုန်းလောက်သော english
အမျိုးသားတွေသည် သူတို့ရဲ့ ဘ၀တစ်ချိန်ချိန်မှာ ဒီပြဿနာကို
ကြုံဖူးကြတယ်ပြောပါတယ်။ ၎င်းသည် အသက်ငယ်သော အမျိုးသားများတွင် အဖြစ်များပြီး
အသက်ကြီးလာရင် ရောဂါပြန်ကောင်းလားတာ တွေ့ရပါတယ်။
အဓိပ္ပါယ်ဖွင့်ဆိုချက် (definition)
premature
ejaculation(PE) ကို အတိအကျအဓိပ္ပါယ်ဖွင့်ဆိုဖို့က တော်တော်လေးခက်ခဲပါတယ်။
၎င်းသည် အချိန်အတိုင်းအတာဖြင့် ဖော်ပြသောကြောင့် အချို့သော စုံတွဲများ အတွက်
လုံလောက်သည့် လိင်ဆက်ဆံခြင်း ကြာသောအချိန်သည် အချို့သော စုံတွဲများ အတွက်
အရမ်း တိုချင်တိုနေလိမ့်မည်။ ၂၀၀၆ ခုနှစ်တွင် American Research Paper
တစ်ခုရဲ့ တွေ့ရှိချက်ကတော့ ပျမ်းမျှ အမျိုးသားတစ်ယောက်၏ ကြာချိန်သည် ၇.၃
မိနစ် ရှိပြီး PE ဝေဒနာခံစားနေရသူသည် ၁.၈ မိနစ်သာ ကြာတတ်ပါသည်။
တစ်ချို့အမျိုးသားတို့သည် ၎င်းထံတွင် PE ရှိသည်ဟု ပြောပြီး ကြာချိန်ကို
မေးကြည့်သောအခါ ၂၅ မိနစ်ခန့်အထိကြာသည်ကို တွေ့ရပါသည်။ ဒါ့ကြောင့်မို့လို့
normal ဆိုတာ ဘာကို ပြောတာလဲဟင် ဟုပြောရမလိုဖြစ်နေပါသည်။ ထို့ကြောင့်
working definition တစ်ခုဖွင့်မည်ဆိုပါက စုံတွဲတစ်တွဲတွင် တစ်ဦးဦးက
orgasm ရသောအချိန်သည် တိုလွန်းသည်ဟု ခံစားရပါက PE ရှိသည်ဟု ပြောလို့ရပါသည်။
လိင်ခံစားမှုအထွဋ်အထိပ်ရောက်ခြင်းသည် အရေးကြီးသလော့။
မေးမှ
မေးရက်တယ် ဆရာရယ် အရေးမကြီးဘဲ နေမလားလို့။ ထိုသို့သာ သုတ်လွှတ်စောခြင်း
ခဏခဏဖြစ်နေပါက စုံတွဲများ အိမ်ထောင်ရေးသာယာမှုပျောက်ဆုံးနိုင်ပါသည်။
ဒေါသထွက်မှု၊ စိတ်မကျေမနပ်ဖြစ်မှုများတိုးပွားလာနိုင်သည်။ အမျိုးသားအပေါ်
အိမ်ထောင်ဖက်မှ အထင်အမြင်သေးမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။
အိမ်ထောင်ရေးပြိုကွဲတာတွေ၊ ကလေးလိုချင်လျက်နှင့် မရတာတွေဖြစ်နိုင်ပါသည်။
အဘယ့်ကြောင့် သုတ်လွှတ်စောရသနည်း။
ဟိုးအရင်ကတည်းက
လိပ်ကျန်းမာရေးပညာရှင်တွေ ပြောလာတာကတော့ သုတ်လွှတ်စောခြင်းသည် early
conditioning ဟုခေါ်သော စိတ်ထဲမှ ကြိုတင်တွေးတောမှုများကြောင့် ဖြစ်သည်ဟု
ဆိုပါသည်။
တချို့ကပြောတာကလည်း
ယောက်ကျားတစ်ယောက်သည် အရင်ကတည်းက လူမမိအောင် ခိုးစားနေရသူဖြစ်ပါက
အချိန်တိုအတွင်း ကိစ္စပြီးမြောက်စေရန် အလျင်အမြန် intercourse လုပ်ရပါသည်။
အဆိုပါသူသည် ထိုကဲ့သို့သော အတွေ့အကြုံများကြောင့် တကယ်တမ်း တူနှစ်ကိုယ်
လွတ်လွတ်လပ်လပ် ဆက်ဆံခွင့် ရသောအခါတွင်လည်း သုတ်လွှတ်စောခြင်း ဖြစ်တတ်ပါသည်။
တချို့ အမျိုးသားများကျတော့လည်း လူပျိုဖြစ်ကတည်းက လိင် ဆွဲဆောင်မှုရှိသော
အမျိုးသမီး ကို တွေ့လို့မရ။ တွေ့သည်နှင့် သုတ်လွှတ်တတ်ကြကို တွေ့ရသည်။
အဖေများတွင် သုတ်လွှတ်စောပါက သားများတွင်လည်း သုတ်လွှတ်စောတတ်ပါသည်။
ထို့ကြောင့် မျိုးရိုးလိုက်သည်ဟု ပြောလျှင်ရပါသည်။
နောက်တစ်ချက်ကတော့
သုတ်လွှတ်ခြင်းဆိုသည်မှာ အာရုံကြောများမှ ထိန်းချုပ်ထားသော
လုပ်ငန်းဖြစ်သောကြောင့် အမျိုးသားတစ်ဦးသည် လိင်ဆက်ဆံရမည်ကို ကြောက်နေပါက
သို့မဟုတ် အစိုးရိမ်လွန်နေပါကလည်း သုတ်လွှတ်စောတတ်ပါသည်။ ထို့ကြောင့်
အချို့အမျိုးသားများသည် ရဲဆေးတင်သည့်အနေဖြင့် လိင်မဆက်ဆံမီ
အရက်သောက်တတ်ကြသည်။ အရက်သောက်ထားပါက လိင်ခံစားမှုထိပ်ဆုံးသို့ ရရန်အတွက်
အချိန်ပိုကြာသောကြောင့်ဖြစ်ပါသည်။ သို့ပေမယ့် သုတ်လွှတ်စောခြင်းအတွက်
အရက်ကို ဆေးအဖြစ် မမှီဝဲသင့်ပါ။
သုတ်လွှတ်စောခြင်းကို အရှင်းပျောက်အောင် ကုလို့ရပါလား။
အဆိုပါ
အခြေအနေသည် ရောဂါသက်သက်မှတ်မှတ်ကြောင့် မဟုတ်ဘဲ စိတ်နှင့်ဆိုင်သောကြောင့်
အပျောက်ကုရန် မဖြစ်နိုင်ပါ။ အချိန်ပိုကြာကြာခံအောင်တော့ လုပ်လို့ရပါသည်။
ပျောက်အောင်ကုနိုင်သည်ဟုကြော်ငြာသော ဆေးများသည် လိမ်ညာခြင်းသာ ဖြစ်သည်။
ကုသပေးနိုင်သောနည်းလမ်းများ
စိတ်လွဲနည်း
သင်သည်
၅မိနစ်ခန့်ကြာတတ်ပြီး ၁၀ မိနစ်လောက်အထိ ကြာချင်ပါက ဆရာဝန်ထံသွားစရာမလိုပါ။
ရိုးရှင်းသော စိတ်ကို အာရုံလွှဲသည့် နည်းကို သုံးနိုင်ပါသည်။
မည်သို့လုပ်ဆောင်ရမည်နည်းဆိုသော် သင်သည် လိင်အထွတ်အထိပ် (climax)
သို့ရောက်ခါနီးလာသောအခါ စိတ်က အလိုလိုသိပါသည်။ ထိုအချိန်တွင် လိင်ကိစ္စနှင့်
မဆိုင်သည့် ကိစ္စများအကြောင်းကို စိတ်အာရုံပြောင်းလိုက်ပါ။ ဥပမာ။
ဘောလုံးပွဲအကြောင်း၊ အလုပ်အကြောင်း များကို စဉ်းစားနိုင်သည်။ ဒါမ
မဟုတ်ကိုယ့်ရဲ့ partner ကို ဆွဲဆိတ်ခိုင်းပါ။ နည်းနည်းနာသွားပါက
အာရုံပြောင်းသွားမည် ဖြစ်သည်။
Long love condoms (ဘာသာမပြန်တတ်လို့)
ဂျာမန်တွေက
ထွင်တဲ့နေရာမှာ သိပ်တော်တာ။ အခုလည်း ဘာကိုထွင်လိုက်သလဲဆိုတော့
ကြာအောင်လုပ်ပေးနိုင်သည့် condom ကို ထွင်လိုက်သည်။ condom ၏အတွင်းဖက်တွင်
benzocaine ဟုခေါ်သော ထုံဆေးတစ်မျိုးကို သုတ်လိမ်းထားပြီး လိင်ဆက်ဆံသည့်အခါ
ထို condom ကိုစွပ်၍ ဆက်ဆံရမည်ဖြစ်သည်။ ထုံဆေးသည် အမျိုးသားလိင်တံကို
ထုံသွားအောင် ပြုလုပ်ပေးမည်ဖြစ်သည်။ ထုံသွားသောကြောင့် climax
သို့မြန်မြန်ဆန်ဆန် မရောက်နိုင်တော့ပေ။ သို့သော် အဆိုပါ benzocaine ဆေးကို
မတည့်သော အမျိုးသားများသုံးမိပါက allergy ဖြစ်ပြီး ဒုက္ခရောက်နိုင်သည်။
ဆေးနှင့် တည့်မတည့် အရင် စမ်းပြီးမှ သုံးသင့်ပါသည်။ ရန်ကုန်မှာတော့
ဝယ်လို့ရမရ မသိပါ။ ၀ယ်လို့မရလည်း ကိုယ့်ဘာသာကိုယ် ပြုလုပ်နိုင်ပါသည်။
benzocaine ဆေးအရည် တစ်ပုလင်းဝယ်ပြီး လိင်တံကို သုတ်လိမ်းပါ။ ပြီးမှ condom
စွပ်ကာ ဆက်ဆံလို့ရပါသည်။
စိတ်ကြွဆေးများ (anti-depressant medications)
စိတ်ကြွဆေးဆိုသည်မှာ
စိတ်ဓာတ်ကျသောရောဂါ (depression)ကို ကုရာတွင်သုံးသော ဆေးများကို ခေါ်ပါသည်။
ထိုဆေးနှင့် သုတ်လွှတ်စောခြင်းနှင့် ဘာဆိုင်လို့လဲဟု မေးစရာရှိသည်။
ထိုဆေးများ၏ ဘေးထွက်ဆိုးကျိုးများထဲတွင် climax ရောက်သောအချိန်ကြာခြင်းသည်
ပါဝင်ပါသည်။ ထို့ကြောင့် နိုင်ငံတော်တော်များများတွင် အဆိုပါ
စိတ်ကြွဆေးများကို လိင်ကိစ္စအတွက် တရားမ၀င် ရောင်းနေကြပါသည်။ တကယ်တော့
စိတ်ကြွဆေးဆိုတာ ဒီ effect တစ်ခုတည်းရှိတာ မဟုတ်။ အခြား
ဆိုးကျိုးများလည်းရှိသောကြောင့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ လုံးဝ
မသောက်သင့်ချေ။ သောက်မိပါက စွဲလည်း စွဲတတ်သေးသည်။
Cognitive Behavior Treatment (stop-start technique)
မြန်မာလို
ဘာသာပြန်မယ်ဆိုရင်တော့ “သိစိတ်ဖြင့် အမူအကျင့်ကို ပြောင်းလဲအောင်
ပြုလုပ်ခြင်း “ ဟု ခေါ်မယ်ထင်တယ်။ ဘယ်လိုလုပ်သလဲဆိုတော့ လူတစ်ယောက်၏
အသိစိတ်တွင် မှတ်သားထားသောအကြောင်းအရာများသည် မှန်သည်လည်း ရှိသည်။
မှားနေတာတွေလည်း ရှိသည်။ အခုနည်းလမ်းက လိင်ကိစ္စနဲ့ ပတ်သက်ပြီး
မှားယွင်းနေသည့် အသိများကို ပြင်ပြီး အမူအကျင့်ကို ပြောင်းလဲအောင်
ကြိုးစားခြင်းဖြစ်ပါသည်။
ဥပမာ -
အမျိုးသားတစ်ဦးက စစ်မှန်သော ယောက်ကျားဆိုသည်မှာ မိမိနှင့်ဆက်ဆံသော
အမျိုးသမီးကို လိင်ဆက်ဆံခြင်းဖြင့် အဆုံးမဲ့ ကာမသုခအရသာများ
ပေးစွမ်းနိုင်ရမည် ဟု ယုံကြည်နေသည် ဆိုပါစို့။ ထိုကဲ့သို့သော အတွေးမျိုးသည်
အဆိုပါ အမျိုးသားကို ထိခိုက်ရုံသာမက မှားလည်း မှားပါသည်။
အမျိုးသမီးတို့သည် လိင်အင်္ဂါံ အတွင်းသို့ ထိုးသွင်း၍ဆက်ဆံခြင်း (penetration)
ကို အလိုရှိသော်လည်း မိမိ၏ ချစ်သူက ချစ်ကြောင်း ကြိုက်ကြောင်း
ပြောဆိုခြင်း၊ နှူးခြင်း နှပ်ခြင်း (foreplay) များကိုလည်း အလိုရှိပါသည်။
ထိုကဲ့သို့အမျိုးသားကို counselling လုပ်ပေးခြင်းအားဖြင့် မှားယွင်းသော
အသိများကို ပြုပြင်ပေးရမည်ဖြစ်သည်။
The stop-start technique
အဆင့် ၅ ဆင့်ရှိပါသည်။
- အမျိုးသားသည် တစ်ဦးတည်း တကိုယ်ရည် အာသာဖြေဖျောက်ခြင်း (masturbation) ပြုလုပ်ရမည်ဖြစ်သည်။
- ပထမအကြိမ်တွင်သူသည် ခြောက်သွေ့သောလက်နှင့် လုပ်ရမည်ဖြစ်သည်။
- သုတ်မလွှတ်မီ အချိန်အထိ လုပ်ရမည်ဖြစ်ပြီး သုတ်လွှတ်ခါနီးတွင် masturbation ကို ရပ်ရမည်ဖြစ်သည်။
- ထိုကဲ့သို့ လုပ်လိုက် ရပ်လိုက် (stop-start) ကို သုံးကြိမ်လုပ်ရမည်ဖြစ်သည်။
- ၄ ကြိမ်မြောက်တွင် သုတ်လွှတ်ချင်လာပါက လွှတ်လိုက် ရမည်ဖြစ်သည်။
ထိုသို့
၅ဆင့်လုံး အောင်မြင်သွားပါက သူသည် လက်အခြောက်အစား လက်တွင် gel တစ်ခုခု
သုတ်လိမ်းပြီး နောက်တစ်ခေါက် masturbate လုပ်ရမည်ဖြစ်သည်။
ထိုကဲ့သို့လုပ်ဆောင်ခြင်းဖြင့် သုတ်လွှတ်ခြင်းကို ထိန်းနိုင်လာအောင်
ကျင့်ရမည်ဖြစ်ပါသည်။
ကျွန်တော်
ဖော်ပြသွားသောနည်းလမ်းများသည် ဗဟုသုတရရန်ဖော်ပြသွားခြင်းဖြစ်ပြီး ဆရာဝန်၏
ကုသမှုကို အစားထိုးခြင်း မဟုတ်ပါ။ ဖော်ပြပါနည်းလမ်းများကို
လုပ်ဆောင်ကြည့်ပြီး အဆင်မပြေပါက တတ်ကျွမ်းသည့် ပညာရှင်နှင့် ပြသသင့်ပါသည်။
0 comments:
Post a Comment