အမျိုးသားအချင်းချင်း လိင်ဆက်ဆံမှု ပြုလုပ်သူများအနက် မိမိတို့
လိင်ဆက်ဆံဖက်ကို ဖုန်း application များမှတစ်ဆင့် ရှာဖွေသူများသည်
လူချင်းတွေ့ဆုံ၍ဖြစ်စေ၊ လူမှုကွန်ယက်များမှဖြစ်စေ ရှာဖွေသူများထက်
လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ပိုမိုကူးစက်ခံနေရကြောင်း သုတေသနတစ်ခုအရ
သိရသည်။
အင်တာနက် အသုံးပြုမှုနှင့် လူမှုကွန်ယက်များ ကြီးထွားလာမှုကြောင့်
လူတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန် လွယ်ကူလာပြီး ဆက်သွယ်စရာ သီးသန့် ဖုန်း
application များ ထွက်ပေါ်လာသည်အထိ ချဲ့ထွင်လာကြသည်။ ၎င်းင်းတို့ အထဲတွင်
လူတစ်ဦးချင်း၏ တည်နေရာကို ကိုယ်တိုင်ဖော်ပြထားနိုင်ပြီး အခြားသူများကို
ဖိတ်ခေါ်နိုင်သည့် ပထ၀ီလူမှုကွန်ရက် (geosocial networ king – GSN)
application များလည်း ထွက်ပေါ် လာလျက်ရှိသည်။ Grindr၊ Scruff၊ Recon
အစရှိသည့် GSN application များကို အမျိုးသားအချင်းချင်း
လိင်ဆက်ဆံသူများအကြား အမည်မဖော်လိုသူ အမျိုးသားအချင်းချင်း တွေ့ဆုံနိုင်ရန်
အများဆုံးအသုံး ပြုကြသည်။
၂၀၁၁ သြဂုတ်လမှ ၂၀၁၃ ဇန်န၀ါရီလအတွင်း HIV ကင်းစင်သော
အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူ (၇၁၈၄) ဦးထံမှ သတင်းအချက်အလက်များကို
အင်တာဗျူး ပြုလုပ်၍ စုဆောင်းခဲ့သည်။ (၃၄) ရာခိုင်နှုန်းမှာ လူချင်းတွေ့ဆုံ၍
အချိန်းအချက်ပြုလုပ်ကြပြီး (၃၀) ရာခိုင်နှုန်းမှာ လူချင်းတွေ့သည့်နည်းနှင့်
အင်တာနက်မှ ဆက်သွယ်နည်းနှစ်မျိုးစလုံး အသုံးပြုကြသည်။ (၃၆)
ရာခိုင်နှုန်းမှာ ဖုန်း application များအသုံးပြု၍ ဆက်သွယ်ကြသည်။
၎င်းတို့အနက် ဖုန်း application များ အသုံးပြုဆက်သွယ်သူများသည်
အခြားသူများထက် ဂနိုရောဂါကူးစက်ခံရမှု (၂၃) ရာခိုင် နှုန်း
ပိုမိုများပြားပြီး chlamydia ပိုးကူးစက်ခံရမှု (၃၅) ရာခိုင်နှုန်း
ပိုမိုများပြားသည်ကို တွေ့ရသည်။ ဖုန်း application များသည် အထူးသဖြင့် အသက်
(၄၀) အောက် အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူများ အကြား
ပိုမိုရေပန်းစားသည်ကို တွေ့ရပြီး လူဖြူများနှင့် အာရှနွယ်ဖွားများ
ပိုမိုအသုံးပြုကြသည်။
ဖုန်း application များသည် အခြားနည်းလမ်းများထက် အသုံးပြုရ
ပိုမိုလွယ်ကူခြင်းကြောင့် ဖုန်း application သုံးသည့် အမျိုးသားများအကြား
တွေ့ဆုံမှု အကြိမ်ရေ ပိုမိုနိုင်ပြီး လူပေါင်းစုံနှင့်တွေ့ ဆုံနိုင်ရန်
အခွင့်အလမ်း ပိုများခြင်းကြောင့် ရောဂါကူးစက်မှု ပိုများခြင်း
ဖြစ်နိုင်ကြောင်း သုတေသီများက ယူဆကြသည်။
ဇော်ကို
Ref:NMD ,http://hivinfo4mm.org
Monday, July 7, 2014
ဖုန်း application မှ လိင်ဆက်ဆံဖက် ရှာဖွေသူများအကြား ရောဂါကူးစက်မှုများလာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment